အဆီထူငါးနှင့်ကျန်းမာရေး
04-Nov-2017
ကိုယ်ခန္ဓာထဲက ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို အကောင်းဆုံးခုခံကာကွယ်နိုင်တာက အဆီထူငါးတွေမှာပါတဲ့ အဆီတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာစားရင် ကိုယ်နဲ့တည့်မယ် မတည့်ဘူးဆိုတာ သိထားလေ့လာထားသင့်ပါတယ်။ ငါးတွေရဲ့ အဆီတွေ ထဲမှာ အိုမီဂါ ဖက်တီးအက်ဆစ်တွေပါတာမို့ အဲဒါတွေက အရောင်အရမ်း ကျစေတယ်။ ဒါ့ကြောင့် အဆစ်အမြစ်ရောင်သူတွေ၊ ကြွက်သားနာကျင်ရောင်ရမ်းသူတွေ၊ ရာသီလာရင် ဗိုက်နာတတ်သူတွေ သွေးကြောရောင်ရမ်းသူတွေအနေနဲ့ အဆီထူငါး များများစားသင့်တယ်။
သွေးကြောရောဂါရှိသူတွေဆိုရင်လည်း သွေးကြောနံရံ ရောင်ရမ်းမှု ကျဆင်းစေတယ်။ သွေးခဲတာ သွေးကြောကျဉ်းတာတွေကိုလည်း ပျောက်ကင်းသက်သာစေတယ်။ ကိုယ်ခံအားစနစ် ပြဿနာဖြစ်နေသူတွေ၊ ရောဂါရှိနေသူတွေ အတွက်လည်း ငါးတွေမှာ ဆီလီနီယမ်ပါတဲ့အတွက် ရောဂါသက်သာလာစေတယ်။ အဆီထူငါး စားသင့်တာတွေက သဘာဝဆာလ်မန်ငါး (Salmon)၊ ထရောက်ငါးခေါ် ရေချိုးငါး (trout)၊ ငါးသေတ္တာငါး၊ ဆာဒီးငါး၊ မာ့ကရယ်ငါး၊ မူးလက်ငါး mullet ခေါ် ကဘီလူးငါး၊ ငါးပါးနီ Anchovy စတာတွေ ဖြစ်ကြပါတယ်။
Credit: ဒေါက်တာအေးမြချယ်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

